ပြည်ကြီးတံခွန်၊ ပုဗ္ဗသီရိ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)နှင့် လွိုင်လင်မြို့နယ်တို့တွင် မူယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂၇ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ ၁၂၈ လမ်း၊ ၆၂ x ၆၁ လမ်းကြားတွင် ကျော်သက်နိုင်(ခ)ရှမ်းလေးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  ကတ်ထူပုံး ၂ ပုံးအတွင်းမှ ဘိန်းဖြူ သုည ဒသမ ၈၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက် အရ ပူးပေါင်းအဖွဲ့က နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ အုပ်စု၊ တံတားဦးကျေးရွာရှိ ၎င်းပိုင်ဆိုင်သည့် ကားအဲယားကွန်းပြင်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ ၇ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်ရှိ City Mark ရှေ့တွင် တင်ဇာမင်း နှင့် သီဟကျော်(ခ)သီဟ တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ ထိန်းချုပ် ဓာတုပစ္စည်းဖြစ်သည့် ကဖင်း သုည ဒသမ ၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀  သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ဒဂုံမြို့သစ် (ဆိပ် ကမ်း) မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်၊ ခေတ္တာလမ်းရှိ ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းသို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀ နှင့် ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် ကဖင်း ၁,၀၀၀ ကီလို တို့အားလည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁) ရပ်ကွက်၊ ရတနာ လမ်းရှိ မျိုးနေဇာ(ခ)မျိုးတေဇ နှင့် မချောစုလှိုင်(ခ)စုစုငြိမ်း(ခ)စုစု တို့၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ပြောင်းဆေးဝါးဖြစ်သည့် Happy Water သုည ဒသမ ၀၂၄ ကီလိုကိုလည်းကောင်း။

ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီးတွင် စိုင်းဆန်မွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား