ပြည်ကြီးတံခွန်၊ တောင်ဥက္ကလာပနှင့် ဟိုပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈  

 

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်()ရပ်ကွက်၊ အိမ်အမှတ်(တတ-၄၀/၂၉)ရှိ ဖိုးသား()မွှေးနီ ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၉၅၅ ကီလို၊ အိုက်စ် သုည ဒသမ ၄၁၅ ကီလိုကိုလည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ မင်းရဲကျော်စွာ(၃)လမ်း၊ အိမ်အမှတ်(မ/၅၁၄)ရှိ အောင်ညိုလေး (ခ)လာစ်ဖစ် ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ရွှေကျော်ဦး(ခ)ရှလစ်နှင့် အီဘရိုင်ဟင် (ခ)အငယ်လေးတို့အား တွေ့ရပြီး ၎င်းတို ၃ ဦးထံမှ ဘိန်းဖြူ သုည ဒသမ ၁၉ ကီလို၊ ဆေးခြောက် သုည ဒသမ ၁၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သိမ်ဖြူလမ်းမကြီးတွင် အောင်နိုင်ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဟိုပန်မြို့၊ မိန်းပန်းရှမ်းရပ်ကွက်၊ ဟိုပန်-ဖာကျွတ် သွားကားလမ်းတွင် ယီဝေချိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)