ပြည်ကြီးတံခွန်မြို့နယ်တွင် ဟင်းအိုးတည်ရာမှ မီးပလပ်ခုံအပူလွန်ကဲပြီး မီးလောင်ရာ နေအိမ်လေးလုံး ဆုံးရှုံး

မန္တလေး ၂၅   ဇွန်

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ လမ်းနှင့် လမ်း ၆၀ ကြားရှိ (င)ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က  ပေါင်းအိုးဖြင့် ဟင်းအိုးတည်ရာမှ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၆၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၉၀ နှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၉ နာရီ မိနစ် ၂၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

mdn

 

မီးလောင်မှုကြောင့် နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းသော နေအိမ်ပိုင်ရှင် ကိုအေးကျော်(ခ)ကိုဖိုးကျော် အား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)