ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၄

 

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း၊ ၁၃၉(B)လမ်းနှင့် ၁၃၉(C)လမ်းကြားတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်မောင်း သန့်ဇင်ဦး(၂၆)နှစ်၊ မိုးဟိန်း(၂၄)နှစ်တို့နှင့်အတူ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၂၉ ကီလို၊ ဘိန်းဆီခဲ ၈ ဒသမ ၇ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါး များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)