ပြည်ကြီးတံခွန်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော် ဇွန် ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၀ ရက် ညပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ၇၃ လမ်းနှင့် မြို့မသစ်လွင် လမ်းထောင့်တွင် ဝင်းအောင် မောင်းနှင်ပြီး ကျော်တိုးအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ခင်ဇော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၆၀၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြားအကြေ သုည ဒသမ ၆၆၆ ကီလို ကိုလည်းကောင်း၊ ဇွန် ၂၁ ရက် ညနေ ၄ နာရီခွဲတွင်  တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အေးမင်း (ခ) ဝမ်းအေးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား