ပြည် ဇွန် ၁၀

 

မြန်မာအမျိုးသမီးများနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အထက(၁) သီရိရတနာခန်းမ၌ ကျင်းပသည်။

 

အမှာစကားပြောကြား

ဦးစွာ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က အမှာစကားပြောကြားပြီး အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၃ ဦးက သတ်မှတ်ခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်နှင့် ပြည်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)