ပြည် မေ ၁၈

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံ​လျှော်) စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။

 

ကြည့်ရှုစစ်ဆေး

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုး​ရေးဦးစီးဌာန ပဲခူးတိုင်း​ဒေသကြီး (အ​နောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက် တစ်အုပ်တစ်မ စိုက်ပျိုးထားရှိမှုနှင့် အီးအမ်ဘိုကာရှီ မြေဆွေးပုံများ ပြုလုပ်သုံးစွဲမှုများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့သည်။

 

ယင်းနောက် ဒုတိယတိုင်း​ဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ဓာတုဓာတ်မြေသြဇာ လျှော့ချသုံးစွဲရေးအတွက် သဘာဝမြေသြဇာများကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲတတ်စေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)