ပြည် မတ် ၂၃

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တီတွဒ်စံပြကျေးရွာ ဇာတိမာန် လယ်/ထွေသမဝါယမအသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လူမှုစီးပွားဘဝမြှင့်တင်ရေး သက်တန့်ရောင် စီမံကိန်းဖြင့် ဆောင်ရွက်သည့် အသင်းသား တောင်သူ ၂၀ စိုက်ပျိုးထားသော ဗီယက်နမ်မြေပဲမျိုး ၆၅ ဧက ယနေ့တွင် ရိတ်သိမ်းသည်။ ရိတ်သိမ်းမှုအခြေအနေကို မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုရာ တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း ၈၂ ဒသမ ၉၇ တင်း ထွက်ရှိပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်၍ ထွက်ရှိကြောင်း သိရသည်။

သတင်းစဉ်