ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား လာရောက်ကြည့်ရှုအားပေး

လှိုင်းဘွဲ  ၇ မတ်


ကရင်ပြည်နယ် အစိုးရအဖွဲ့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသိန်း၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

1


ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။


လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား ကျောင်းသူ(၃၁၆၈)ဦး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားပြီး (၂၉၆၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၅၉ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN

 

1