ပြည်နယ်နှင့်တိုင်း ကရာတေးဒိုပြိုင်ပွဲတွင် ထူးချွန်သော အားကစားသမားများအား ဂုဏ်ပြု 

ခန္တီး  ၂၄  ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌  ပြည်နယ်နှင့်တိုင်း ကရာတေးပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော ထူးချွန်အားကစားသမား မချိုမေဇင်နှင့် မလွတ်လပ်မေ မဖေစိမ်းထွန်း တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ခန္တီး)မှ ဂုဏ်ပြုပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့နံနက် ၉:၃၀ နာရီအချိန်က ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည်။


အဆိုပါဂုဏ်ပြုပွဲ အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်သိန်း ခန္တီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဆေးခိုပေါင်တို့က ထူးချွန်အားကစားသမားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ခန္တီးမြို့နယ်အားကစားမှူး ဦးဝေမင်းဟိန်းက ကျေးဇူးတင်စကား ပြောကြားသည်။


ဆက်လက်၍ မြိုနယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်ဆင့်က ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒုတိယဆုရရှိခဲ့သော မချိုမေဇင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ထွေးခင်နှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။    


ချန်လော (ခန္တီး)