ပြည်သူ့အတွက်တစ်နှစ်တာ ရုပ်သံပြောင်းလဲလာ

မျက်မှောက်ကာလ မြန်မာနိုင်ငံတစ်ဝန်းမှပြည်သူတွေကိုလေလှိုင်းမှတစ်ဆင့် အသိအမြင်တွေ ထိထိရောက်ရောက်ပေးဝေနိုင်တဲ့လုပ်ငန်းဟာ ရုပ်မြင်သံကြားလို့ ပြောရမှာဖြစ်ပါတယ်။ အချိန်တိုင်းအချိန်တိုင်း၊ နေ့တိုင်းနေ့တိုင်း၊ အိမ်တိုင်းအိမ်တိုင်း လွယ်လင့်တကူ ကြည့်ရှုသိမြင်ခံစားနိုင်တာမို့ ရုပ်မြင်သံကြားကို ပြည်သူတွေအနေနဲ့ မကြည့်မိတဲ့နေ့ မရှိလောက်ဘူးလို့တောင် တွေးထင်မိပါတယ်။ ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာ အခြေခံလူတန်းစားတွေများတာ၊ သင့်တင့်တဲ့ဝင်ငွေရှိတာတွေကြောင့် Pay TV အခပေးရုပ်သံလိုင်းထက် Free to Air အခမဲ့ရုပ်သံလိုင်းကိုအားကိုးကြမှာအမှန်ပါပဲ။

မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဟာ ပြည်သူတွေအတွက်ဖြစ်တာမို့ Free to Air အခမဲ့ရုပ်သံလိုင်းမှာ တင်ဆက်ပေးနိုင်ဖို့ ပြည်သူတွေကြားအရောက်သွားပြီး ပြည်သူတွေသိရှိလိုတဲ့ သတင်းအချက်တွေကို ရယူပေးလျက်ရှိပါတယ်။ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဟာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ ဦးတည်ချက်တွေနဲ့ ပြည်သူတွေအတွက် လေလှိုင်းကတစ်ဆင့် နေ့စဉ်ရက်ဆက်အလုပ်အကျွေးပြုလာတာဟာ အခုဆို နှစ်ပေါင်း ၇၀ကျော်တောင်ရှိနေပြီဖြစ်ပါတယ်။ မျက်မှောက်ကာလ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့အချိန်အခါမှာမြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ် အောင်၊ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်အောင်၊ နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားဖြစ်ထွန်းအောင်ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။

ယခုအစိုးရသစ် နိုင်ငံ့တာဝန်ယူပြီး ပထမတစ်နှစ်တာကာလအတွင်းမှာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားအနေနဲ့ထူးထူးခြားခြားမည်သို့မည်ပုံ ပြုပြင်ပြောင်းလဲခဲ့တယ်ဆိုတာကို ပြည်သူတွေသိရှိသင့်လို့ တစ်ဆင့်ဖောက်သယ်ချ အသိပေးတင်ပြလိုပါတယ်။ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်မှစပြီး နိုင်ငံတော်ရဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးဖို့ ရုပ်မြင်သံကြားနဲ့အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေတွေ ပြင်ဆင်ရေးဆွဲဖို့၊ PSB အဖြစ်ပြောင်းလဲဖို့ လိုအပ်တဲ့ ဥပဒေတွေရေးဆွဲအကောင်အထည် ဖော်ဖို့၊ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်သုံးသပ်ရေးဆွဲနေတဲ့ ကာလမှာ ပြည်တွင်း မီဒီယာကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ Multi Channel Playout System ရဲ့ DVB-T2 စနစ်နဲ့ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေအနက် ထပ်မံဆောင်ရွက်မယ့် ရုပ်သံလိုင်းသစ်ငါးလိုင်းမှာ ပုဂ္ဂလိကမီဒီယာလုပ်ငန်း ဆောင်ရွက်လိုသူတွေကို Digital Free to Air စနစ်နဲ့ ရုပ်သံလိုင်း ငါးလိုင်း ဆောင်ရွက်နိုင်ဖို့ပွင့်လင်းမြင်သာစွာ စီစဉ်နေပါတယ်။

ပြည်သူ့အကျိုးအတွက် ထုတ်ဖော်တင်ပြရာမှာမီဒီယာသမားပီသစွာ ကျွမ်းကျင်ပိုင်နိုင်မှုရှိရေးဟာ အရေးကြီးတာကြောင့် ကျွမ်းကျင်မှုပညာပေးအစီအစဉ်တွေနဲ့ရိုက်ကူးထုတ်လုပ်မှု၊ တည်းဖြတ်မှု၊ အနုပညာဖန်တီးမှုဆိုင်ရာ သင်တန်းတွေ၊ နိုင်ငံခြားသားပညာရှင်တွေနဲ့ပို့ချပေးတာတွေ၊ ပြည်ပလေ့လာရေး၊ သင်တန်း၊ ပညာသင်၊ ဆွေးနွေးပွဲ စတာတွေနဲ့စဉ်ဆက်မပြတ် အရည်အသွေးမြှင့်တင်ပေးနေပါတယ်။ ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်တွေအပေါ် ပြည်သူတွေရဲ့စိတ်ဝင်စားမှုနဲ့ ပရိသတ်တွေရဲ့ဆွဲဆောင်နိုင်မှုကို ဆန်းစစ်ကြည်တဲ့အခါ ဖျော်ဖြေရေးကဏ္ဍဘက်ကို ပိုမိုစိတ်ဝင်စားတာတွေ့ရလို့ အသွင်သစ်နဲ့ထုတ်လွှင်နိုင်ဖို့ ပြန်ကြားပေးရန်ကို ၄၅ ရာခိုင်နှုန်း၊ ပညာပေးရန်ကို ၂၀ ရာခိုင်နှုန်း၊ ဖျော်ဖြေပေးရန်ကို ၃၅ ရာခိုင်နှုန်း ပြောင်းလဲခဲ့ပါတယ်။

အစိုးရသစ်ရဲ့ ပထမတစ်နှစ်တာကာလအတွင်းပြန်ကြားပေးရန်ကဏ္ဍမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသတင်းတွေအပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံမှာ ဆွေးနွေးပြောကြားမှုတွေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လူငယ်တွေရဲ့စကားဝိုင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါတယ်။ထို့အတူနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီးလုပ်ငန်း ရှင်များစကားဝိုင်း (Business Talk) နဲ့ ၂၀၁၇ခုနှစ် မြန်မာနိုင်ငံ၏ အမျိုးသမီးလှုပ်ရှားမှုဆိုင်ရာ ရက်သတ္တပတ် အခမ်းအနားကို တိုက်ရိုက် (Live) ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီအနှစ်သာရ တစ်ခုဖြစ်တဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သဘောထားမတူညီသူတွေကို ညှိနှိုင်းဆွေးနွေးတဲ့ ယဉ်ကျေးမှုတစ်ရပ်ကျင့်သုံးခွင့်၊ မီဒီယာ လွတ်လပ်ခွင့်နဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက် အကူပြုစေခဲ့ပါတယ်။

ယခင်က နာရီစဉ်အလိုက် သတင်းတွေထုတ်လွှင့်ရာကနေ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ပြီးသတင်းချိန်တွေ ပိုမိုကျစ်လျစ်စေဖို့ တစ်နေ့သတင်းချိန်၁၃ ချိန် ထုတ်လွှင့်ရာမှ တစ်နေ့ ရှစ်ကြိမ်သာ ထုတ်လွှင့်ပါတယ်။ အရေးကြီးသတင်းတွေ၊ ပြည်သူတွေအချိန်မီသိသင့်သိထိုက်တဲ့ သတင်းတွေကို Breaking News, Update News တွေအဖြစ်ထုတ်လွှင့်လျက်ရှိပါတယ်။ နိုင်ငံရဲ့ အခြေအနေအရပ်ရပ်အပေါ် ပညာရှင်တွေရဲ့ဆွေးနွေးသုံးသပ်မှုတွေကို ဖော်ပြနေတဲ့ Debate အစီအစဉ်တွေကိုလည်း တင်ဆက်ပြသလျက်ရှိပါတယ်။အလားတူ သာမန်ပြည်သူတွေရဲ့ ခံစားချက်တွေကို ဖော်ထုတ်တင်ပြနိုင်တဲ့ အစီအစဉ်တွေကိုလည်း ထည့်သွင်းထုတ်လွှင့်နိုင်ခဲ့တာကြောင့် ပြည်သူ့အသံဖော်ထုတ်နိုင်မယ့်နေရာတွေအဖြစ် ပြည်သူ့အကျိုးကို ရပ်တည်ဖော်ဆောင်လျက်ရှိပါတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်နေကြတဲ့ အခြေခံလူတန်းစားတွေရဲ့ တစ်နေ့တာဘဝတွေကိုလည်း ရိုက်ကူးတင်ဆက်ပေးပါတယ်။ ဒါ့အပြင် လူငယ်တွေအတွက် အတွေးအခေါ်တွေ ပြောင်းလဲဆန်းသစ်လာစေဖို့ လူမှုရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Search for Common Ground(SFCG) နဲ့ပူးပေါင်းပြီးရေဒီယိုအစီအစဉ်သစ်Talk Show ကိုလည်း ထုတ်လွှင့်နိုင်ခဲ့ပါတယ်။

05

 

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပြဆိုတဲ့ Stock Exchange ငွေကြေးဈေးကွက်အပါအဝင် စီးပွားရေးဈေးကွက်အခြေအနေတွေကို တင်ပြပေးနေသလိုတတ်သိပညာရှင်တွေကိုဖိတ်ခေါ်ပြီး အပြန်အလှန်ဆွေးနွေးခြင်းများကိုလည်း တင်ဆက်ပေးလျက်ရှိပါတယ်။ပညာပေးရန်ကဏ္ဍအနေနဲ့လည်း ကျန်းမာရေးဆိုင်ရာအသိပညာပေးထုတ်လွှင့်ချက်တွေ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပေးချက်တွေအပြင် ကလေးငယ်တွေကို ပြုစုစောင့်ရှောက်မှုတွေ၊ အဝေးသင်ပညာရေးနဲ့ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အထောက်အကူပြု အစီအစဉ်တွေကို တင်ဆက်ပေးလျက်ရှိပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်နေကြတဲ့ တောင်သူတွေ အသိပညာတိုးတက်ဖို့ Australian Broadcasting Coporation (ABC)က ပညာရှင်တွေနဲ့ ပူးပေါင်းအစီအစဉ်တွေ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့အသံ(ရေဒီယို)ကလည်း ရေဒီယိုဇာတ်လမ်းတွဲတွေ၊ ဇာတ်လမ်းပမာနားဆင်စရာ၊ ရေဒီယိုမဂ္ဂဇင်း၊ လူငယ်ပန်းဥယျာဉ်၊ မေတို့ရေးရာသိမှတ်စရာအစီအစဉ်တွေအပြင် မသန်စွမ်းသူများအားလူ့အဖွဲ့အစည်းအတွင်းမှ ခွဲခြားဆက်ဆံမှုမရှိစေရေးနဲ့ စိတ်အားငယ်မှုမရှိစေဖို့ မသန်စွမ်းသူများနေ့ဆွေးနွေးခန်းနဲ့ တေးသီချင်းတွေကို ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နဲ့ပူးပေါင်းပြီးမညှိုးပန်းတို့ရဲ့ဒိုင်ယာရီ အစီအစဉ်ကိုလည်း အပတ်စဉ်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနက ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားမှာ ၂၀၁၆ ခုနှစ်အတွက်မသန်စွမ်းမှုဆိုင်ရာမီဒီယာဆုကို မြန်မာ့အသံက ဆွတ်ခူးရရှိခဲ့ပါတယ်။

 

fd

 

ပြည်သူတွေရဲ့ စိတ်လက်အပန်းဖြေမှုကို ပေးစွမ်းနိုင်ဖို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဟာ တေးသီချင်းအသစ်တွေ ရိုက်ကူးထုတ်လုပ်ခြင်း၊ နိုင်ငံတော်အခမ်းအနားတွေမှာ ပါဝင်ဖျော်ဖြေတင်ဆက်ခြင်းတို့အပြင် နိုင်ငံတော်သံစုံ တီးဝိုင်းမှာ နိုင်ငံခြားသားပညာရှင်တွေနဲ့ ပူးပေါင်းပြီးနိုင်ငံ တကာအဆင့် တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့ သတင်းဖြစ်ရပ် မျိုးစုံကို MRTV သတင်းထောက်တွေ ကိုယ်တိုင်ဖြစ်ပွား ရာကို အရောက်သွားလို့ သတင်းရယူရိုက်ကူးပြီးအချိန်နဲ့ တစ်ပြေးညီနီးပါး သတင်းပို့၊ တင်ဆက်နိုင်အောင်ကြိုးပမ်း ခဲ့ကြတာကြောင့် ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်းနေပြည်တော်၊ ရန်ကုန်၊ မန္တလေးသတင်းဌာနခွဲတွေအပြင်တိုင်းရင်းသား(၁၁)ဘာသာရဲ့ နယ်သတင်းဌာနခွဲ(၁၁)ခုက ပေးပို့တဲ့ ဒေသသတင်းတွေကိုပါ သတင်းပေးပို့တဲ့စနစ်တွေ၊ ဆက်ကြောင်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ ပကတိအခြေအနေဖြစ်ရပ်တွေကို ထင်ဟပ်ဖော်ပြနေတဲ့ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းအနေနဲ့ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ ၎င်းတို့ရဲ့ ဒေသအစားအစာတွေအပြင် ပျောက်ကွယ်လုနီးပါး ရိုးရာယဉ်ကျေးမှုအသုံးအနှုန်းတွေ၊ ဝေါဟာရတွေကို ပရိသတ်တွေ သိရှိစေနိုင်ဖို့ ထိမိတဲ့ဖန်တီးထုတ်လွှင့်မှုတွေနဲ့ထုတ်လွှင့်လျက်ရှိပါတယ်။ယနေ့ခေတ်ကာလမှာ အင်တာနက်ဆက်သွယ်ရေးကိုလူတိုင်းလွယ်လင့်တကူ အသုံးပြုလာနိုင်တာနဲ့အညီMRTV ရဲ့ Website နဲ့ Facebook တွေမှာလည်းသတင်းအစီအစဉ်တွေကို အချိန်ကိုက် လွှင့်တင်ထားတာကြောင့် ပရိသတ်တွေအနေနဲ့ အချိန်တိုအတွင်း သိရှိနိုင်ကြပြီဖြစ်ပါတယ်။ MRTV Channel အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ ပြည်သူတွေအတွက်သာမက နိုင်ငံတကာမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အမိမြေကိုလွမ်းဆွတ်တမ်းတနေချိန်တွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစီအစဉ်တွေ၊ ရှုခင်းအလှအပတွေ၊ ရိုးရာဓလေ့တွေကိုမြင်တွေ့ကျေနပ်စေရန်ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်ပေးပါတယ်။ မြန်မာ့သတင်းမှန်တွေကို ကမ္ဘာကသိရှိအောင် Onile ကတစ်ဆင့် ပိုမိုတိုးချဲ့ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့်အညီ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားဟာ PSB လို့ခေါ်တဲ့ အများပြည်သူ ဝန်ဆောင်မှု ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းအဖြစ်ကူးပြောင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဏြှ အဖြစ်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲခြင်းအပြင် မကြာမီ ပြုလုပ်တော့မယ့် Analogue Switch off လုပ်ငန်းစဉ် အတွက် Digital DVB T2 ထပ်ဆင့်လွှင့်စက်တွေ တပ်ဆင်ခြင်းနဲ့ FM Ratio လွှင့်စက်တွေတိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ Digital ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းသို့ အသွင်ကူးပြောင်းခြင်း နည်းတူ ရေဒီယိုထုတ်လွှင့်မှုကိုလည်း Analogue စနစ်မှ Digital စနစ်သို့ ကူးပြောင်းထုတ်လွှင့်ဖို့ရှေ့ပြေးစီမံကိန်းအဖြစ် ရန်ကုန်မြို့မှာ 750 W Digital Audio Broadcasting (DAB+) တပ်ဆင်ထုတ်လွှင့်နိုင်ဖို့စီစဉ်နေပါတယ်။မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဟာ ပရိသတ်တွေကိုအမြဲတစေအလေးထား ဆောင်ရွက်လျက်ရှိတာကြောင့်မြန်မာ့အသံရေဒီယိုအစီအစဉ်တွေကို အစဉ်တစိုက်စွဲမြဲစွာနားသောတဆင်လျက်ရှိကြတဲ့ သောတရှင်တွေကို စုစည်းပြီး မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) ကိုဖွဲ့စည်းခဲ့ရာ အခုအခါ အနယ်နယ်အရပ်ရပ်မှာ အဖွဲ့ဝင်ပေါင်း ၅၈၀ဝ ကျော်ရှိနေပြီဖြစ်ပါတယ်။ မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၊ မွန်ပြည်နယ် မုဒုံမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွေမှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ ဒါဟာမြန်မာ့အသံဝန်ထမ်းတွေနဲ့ ဒေသခံ သောတရှင်တွေ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး ဝေဖန်အကြံပြုချက်တွေကိုလည်း တစ်ပါတည်းစုဆောင်းရယူနိုင်ခဲ့တဲ့အတွက် ပြုပြင်ပြောင်းလဲမှုတွေမှာပါ လိုအပ်သလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

afadad

 

နိုင်ငံတစ်နိုင်ငံတည်ထောင်တဲ့အခါမှာ မှန်ကန်တိကျဘက်မျှတဲ့ မီဒီယာကဏ္ဍဟာ အုတ်တစ်ချပ် သဲတစ်ပွင့်ပါဝင်သင့်ပါတယ်။ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့အတွက် အစိုးရဌာနအသီးသီးရဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ငန်းတွေကို မျှဝေအသိပေးနေသလို တစ်ဖက်မှာလည်း ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တင်ပြနိုင်တဲ့ ကြားခံပေါင်းကူးတံတားအဖြစ်လည်း ရပ်တည်နေပါတယ်။ ဒါကြောင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဟာ ဘက်ညီမျှတဲ့ သတင်း အချက်အလက်တွေနဲ့ အစိုးရနှင့်ပြည်သူအကြား ထိရောက်တဲ့ ကြားခံအစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ ။