ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုမရှိစေရေး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်ဖြစ်

နေပြည်တော် စက်တင်ဘာ  ၂၂

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးစာရင်း များနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီစစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းဖြင့် ပြည်သူ့ အကျိုးစီးပွားကို ဉီးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့် အညီ ထိရောက်ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (/၂၀၂၃)တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး က ပြောကြားခဲ့သည်။

 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများက ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၊ Real Time Audit နှင့်တာဝန်ပေးစစ်ဆေးခြင်းဆိုင်ရာများ၊ ဝန်ထမ်းပိုင်းနှင့် စာရင်းပိုင်း ဆိုင်ရာများ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာ ကျန်တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများက စစ်ဆေးရေးလုပ်ငန်းဆိုင်ရာများ၊ ဝန်ထမ်းနှင့် စာရင်းပိုင်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် စီမံရေးရာဉီးစီးဌာန၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာနနှင့်   စစ်ဆေးရေးဉီးစီး ဌာနတို့မှ ညွှန်ကြား‌ရေးမှူးချုပ်များက စီမံရေးရာနှင့်ဝန်ထမ်းဆိုင်ရာများ၊ သင်တန်းဆိုင်ရာများနှင့် စစ်ဆေးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ်  အမြဲတမ်း အတွင်းဝန်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က တင်ပြဆွေးနွေးမှုများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)