ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်း Global World Insurance Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၈ မေ 

ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် Global World Insurance Co., Ltd အဖွဲ့အား ယနေ့ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရာသီဥတုဒဏ်၊ ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် သီးနှံအာမခံပေးမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ယခင်နှစ်က စမ်းသပ်လုပ်ဆောင်ခဲ့သော အာမခံလုပ်ငန်း ဆောင်ရွက်ချက် အတွေ့အကြုံများ၊ အမျိုးသားသီးနှံ အာမခံကော်မတီဖွဲ့စည်းနိုင်ရေးနှင့် သီးနှံအာမခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရေး စသည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များကို မေးမြန်းကြရာ ကုမ္ပဏီ၏တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

သတင်းစဉ်