ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Edmond Efendija (Senior Legislative Strengthening Adviser) ဦးဆောင်သော National Democratic Institute (NDI) အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၃  စက်တင်ဘာ 
    

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Edmond Efendija (Senior Legislative Strengthening Adviser) ဦးဆောင်သော National Democratic Institute (NDI) အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
    

တွေ့ဆုံစဉ် NDI အနေဖြင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများစိစစ်သုံးသပ်ခြင်း ဆွေးနွေးမှုစာတမ်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ဥပဒေပြုရေး စောင့်ကြည့်ခြင်းနှင့် ကိုယ်စားပြုခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ကူညီပံ့ပိုးသွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာလွှတ်တော် မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၀ တွင်လည်း NDI အနေဖြင့် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
    

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဝင် ဦးတင်အောင်ချိုနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 


သတင်းစဉ်