ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော ကနေဒါနိုင်ငံ Ontario ပြည်နယ် အမတ်ဟောင်း Ms. Monique Marthe Smith အား လက်ခံတွေ့ဆုံ

နေပြည်တော် ၆   ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောသည် ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ WFD အကူအညီဖြင့် ကော်မတီတွင် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ပေးရေး၊ နည်းပညာ အထောက်အပံ့ အကူအညီပေးနိုင်မည့် အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)