ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၂၂ မေ

 


ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် ကော်မတီ၏ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းဆောင်ရွက်ချက် အခန်းကဏ္ဍများ၊ အစိုးရအဖွဲ့အစည်းများနှင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းကြရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ 

 


သတင်းစဉ်