ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော်  ၂၈ မေ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် လင်းရောင်ခြည်စာကြည့်တိုက်မှ အဖွဲ့ဝင်များ (၁၄) ဦး၊ ဦးလွင်ကိုလတ်၊ သံလျင်မဲဆန္ဒနယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ(၂၀၉)ဦး၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ စနေ(ပန်း၊ ကု၊ သန့်) အဖွဲ့မှ ဦးနေလင်းအောင် ဦးဆောင်သည့် အဖွဲ့ (၂၁) ဦး စုစုပေါင်း(၂၄၄)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး Triangle Links Engineering Co., Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးထင်လင်း ဦးဆောင်သည့် ဂျပန်နိုင်ငံသားများအပါအဝင် စုစုပေါင်း (၁၁) ဉီးတို့သည်လည်း လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၅၀၈၃၄ ဦးနှင့် ပြည်ပဧည့်သည် ၂၁၇၄ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်