ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော်  ၁၉  စက်တင်ဘာ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၃) ရက် မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမြင့်ဝေ၊ ဂွမဲဆန္ဒနယ်၏ မိတ်ဆွေ (၄)ဦး၊ ဦးသောင်းထွန်း(ခ) ဦးငြိမ်းသစ်၊ မဟာအောင်မြေမဲဆန္ဒနယ်၏ မိတ်ဆွေ (၈) ဦး၊ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်၏ မိတ်ဆွေ (၄၀)ဦး၊ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည် မဲဆန္ဒနယ်၏ အမျိုးသမီးလုပ်ငန်းကော်မတီနှင့် ပါတီဝင်များ (၄၂)ဦးနှင့် ဦးမျိုးနိုင်၊ ချမ်းအေးသာစံမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် စံသရဖူကိုယ်ပိုင်အထက်တန်းကျောင်းမှ အုပ်ချုပ်သူဦးနေမင်းခန့် ဦးဆောင်သည့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၁၄)ဦး၊ စုစုပေါင်း (၂၀၈) ဦးတို့သည်  ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန်းနိုင်နိုင်ရှိန် ဦးဆောင်သည့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၊ စုစုပေါင်း(၄၀ဝ)ဦးတို့သည်လည်း လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြရာ ယနေ့တွင် လေ့လာသူစုစုပေါင်း (၆၀၈)ဦး ရှိသည်။


ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၅၆၈၂၅ ဦးနှင့် ပြည်ပဧည့်သည် ၂၂၉၅ဦး၊ စုစုပေါင်းဧည့်သည်၅၉၁၂၀ ဦးရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက် လေ့လာလိုပါ ကပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော် ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် တို့ထံလိပ်မူပြီး (၃) ရက် ကြိုတင်ပေးပို့ နိုင်ပါကြောင်း သိရသည်။ 

 

(သတင်းစဉ်)