ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၅ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်၏မိတ်ဆွေ ၃ ဦး၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဒေါက်တာတင်ဌေးအိ (ပါမောက္ခ၊ ဌာနမှူး) ဦးဆောင်သည့် ကြီးကြပ်သူဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၁၈၅ ဦး၊ စုစုပေါင်း ၁၈၈ ဦးတို့သည် ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၆၀၁၀၀ နှင့် ပြည်ပဧည့်သည် ၂၄၆၈ ဦး၊ စုစုပေါင်းဧည့်သည် ၆၂၅၆၈ ဦးရှိပြီဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်တို့ထံ လိပ်မူပြီး အစိုးရရုံးပိတ်ရက်များမပါ (၃)ရက် ကြိုတင်ပေးပို့ လျှောက်ထားနိုင်ပါကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်