ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၇ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ်၏ မိတ်ဆွေ (၁)ဦး၊ ဦးဇော်မင်း၊ အုတ်ဖိုမဲဆန္ဒနယ်၏ မိသားစုဝင်(၅)ဦး၊  ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်၏ မိတ်ဆွေ(၄၃)ဦး၊ ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်ကြသည့် အခြေခံပညာ မူလတန်းလွန်ကျောင်း(အင်းကုန်း)မှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦး၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ အမှတ်စဉ်(၁၆) ဘွဲ့လွန်ဒီပလိုမာ သင်တန်းမှ ဒေါက်တာသန်းလွင်ဦး(ကထိက) ဦးဆောင်သည့် ကျောင်းသား/ကျောင်းသူ (၂၆)ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်-၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၅၀)မှ ဒေါ်သန္တာမော် ဦးဆောင်သည့် အုပ်ချုပ်သူနှင့် သင်တန်းသား/သင်တန်းသူ (၁၂၄)ဦး၊ စုစုပေါင်း (၂၄၉)ဦးတို့သည် ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၆၀၃၆၈ ဦးနှင့် ပြည်ပဧည့်သည် ၂၄၆၈ ဦး စုစုပေါင်းဧည့်သည် ၆၂၈၃၆ ဦးရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်တို့ထံ လိပ်မူပြီး အစိုးရရုံးပိတ်ရက်များမပါ (၃)ရက်ကြိုတင် ပေးပို့လျှောက်ထားနိုင်ပါကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်