ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၂၀ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြေကုန်းမှ အလယ်တန်းပြ ဒေါ်ခိုင်နှင်းဝေ ဦးဆောင်သည့် ကြီးကြပ်သူ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၇၂)ဦးတို့သည့် ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

mdn

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၆၁၃၇၃ဦးနှင့် ပြည်ပဧည့်သည်  ၂၄၇၈ဦး၊ စုစုပေါင်းဧည့်သည် ၆၃၈၅၁ဦး ရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်တို့ထံ လိပ်မူပြီး အစိုးရ ရုံးပိတ်ရက်များမပါ (၃)ရက် ကြိုတင် ပေးပို့လျှောက်ထားနိုင်ပါကြောင်း  သတင်းရရှိသည်။

 

သတင်းစဉ်