ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာဖရန့်ဆွာ လက်ဖရက်နီးရဲခ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ၇ ဖေဖော်ဝါရီ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာဖရန့်ဆွာ လက်ဖရက်နီးရဲခ်အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ လွှတ်တော်တွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

သတင်းစဉ်