ပြည်သူလူထု ထောက်ခံမှုကျဆင်းနေသော်လည်း နမီးဘီးယားသမ္မတ ဒုတိယသက်တမ်း အနိုင်ရ

၂ ဒီဇင်ဘာ


မဲဆန္ဒရှင်များ၏ ထောက်ခံမှု သိသိသာသာကျဆင်းနေသော်လည်း နမီးဘီးယားနိုင်ငံ၏ လက်ရှိသမ္မတသည် ဒုတိယသက်တမ်းကို ဆက်လက်အနိုင်ရရှိခဲ့သည်။


ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် အာဖရိကအနောက်တောင်ပိုင်းရှိ နမီးဘီးယား သမ္မတရွေးကောက်ပွဲတွင် သမ္မတ ဟာဂျီဂင်းဘော့မှ မဲရလဒ်  ၅၆ ဒသမ ၃ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


သမ္မတ ဟာဂျီဂင်းဘောသည် ယခုရွေးကောက်ပွဲတွင် ၂၀၁၄ခုနှစ်အတွင်းက ရရှိခဲ့သည့် မဲရလဒ်ထက် ၈၆ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။


ပြင်းထန်သည့် မိုးခေါင်မှုနှင့် အကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်ပြီး အစိုးရ၏ ဆောင်ရွက်ချက်များ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး အလုပ်လက်မဲ့နှုန်းမှာ ၃၀ကျော်ရှိခဲ့သဖြင့်  ပြည်သူများမှာ အစိုးရကို စိတ်ပျက်လျက်ရှိသည်။


နမီးဘီးယား လွတ်မြောက်ရေးကို ဉီးဆောင်သည့် သမ္မတ ဟာဂျီဂင်းဘော၏ SWAPO ပါတီသည် ၁၉၉၀ခုနှစ်အတွင်း တောင်အာဖရိကတွင် လွတ်လပ်ရေးရပြီးကတည်းက အာဏာရရှိခဲ့ခြင်းဖြစ်သည်။ 


နမီးဘီးယားနိုင်ငံ၏ နိုင်ငံသားများ တိုးတက်ရေးအတွက် ကြိုးစားပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် နမီးဘီးယားနိုင်ငံသားများအတွက် စိတ်အားထက်သန်မှုအပြည့်ဖြင့်ဆောင်ရွက်သွားရန် ကတိပြုကြောင်း  သမ္မတ ဟာဂျီဂင်းဘောက ၎င်း၏ တွစ်တာစာမျက်နှာတွင် ဖော်ပြထားသည်။


အတိုက်အခံပါတီကို  ဟာဂျီဂင်းဘောက မဲရလဒ် ၂၉ဒသမ ၄ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်