ပြည်သူများ ငါးစားသုံးမှုအဆင်‌‌ပြေစေရေး ငါးများဈေးနှုန်းသက်သာစွာ ရောင်းချပေး

ဝါးခယ်မ  စက်တင်ဘာ  ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စက်တင်ဘာ ၁၆ ရက်က ပြည်သူများငါးစားသုံးမှု အဆင်‌ပြေစေရေးအတွက် ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချပေးရာတွင် ဝါးခယ်မမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်ပိုင်ရှင် ဒေါ်နှင်းနှင်းအေးတို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မြစ်ကလေးကျေးရွာအတွင်းရှိ ဒေသခံပြည်သူ (၅၀)ဦးအား ငါးမြစ်ချင်း တစ်ပိဿာ ၃၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ (၃၀)၊ ငါးတန် တစ်ပိဿာ ၃၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ (၃၀)၊ ငါးခေါင်းပွ တစ်ပိဿာ ၃၅၀၀ ကျပ်နှုန်းဖြင့် (၂၅) ပိဿာ၊ မြက်စားငါးကြင်း တစ်ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ (၂၀)၊ တီလားဗီးယား တစ်ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ(၄၀)၊ ထိုင်ဝမ်ငါးခုံးမကြီး တစ်ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် (၁၅) ပိဿာ စုစုပေါင်း ငါးပိဿာချိန် (၁၆၀) ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)