ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေး

 

ရေကြည် ဇွန် ၂၅

ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးရှေ့၌ ယနေ့နံနက် ၇ နာရီမှစတင်ကာ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာ၌ ဧည့်မထဆန်တစ်ပြည် (၃၀၀၀)ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးခဲ့ရာ အိမ်ထောင်စု (၁၈၀)အတွက် ဆန် (၁၅)အိတ် ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။

မေသန့်ဇင်(ပြန်/ဆက်)