ပြည်သူ့ရင်ပြင်ရှေ့ ရန်ကုန်-ပြည်လမ်း ကတ္တရာ ကွန်ကရစ် (AC) ခင်းကျင်းနေမှု ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

 

ရန်ကုန် အောက်တိုဘာ ၅

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့မွန်းလွဲပိုင်းက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဆောင်ရွက်လျက်ရှိသော ရန်ကုန် - ပြည်လမ်း ကတ္တရာကွန်ကရစ် (AC) ခင်းကျင်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့တော်ဝန်က လုပ်ငန်းခွင်အား အန္တရာယ်ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။ အဆိုပါ ပြည်လမ်းသည် မြေနီကုန်း ခုံးကျော်တံတားအဆင်းမှ အလုံလမ်း မီးပွိုင့်အထိ အရှည်ပေ ၂၃၅၀၊ အကျယ် ၇၂ ပေ၊ ထု ၂ လက်မ ကတ္တရာ ကွန်ကရစ် (AC) ခင်းကျင်းလျက်ရှိပြီး ယခုအခါ ၂၄ ပေအကျယ် ထု ၂ လက်မဖြင့် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn