ပြည်ထဲရေးဝန်ကြီးဌာန၊ အဆင့်မြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၂၉

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း(အမျိုးသမီး)များ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အဆင့်မြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၌ကျင်းပရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ  တက်ရောက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဇနီး က ငွေလရတနာ ဓမ္မစာပေပြန့် ပွားရေးသင်တန်း၊ သင်တန်းနည်းပြများအတွက် အမှတ်တရလက်ဆောင်များ ချီးမြှင့် ပေးအပ်ရာ ငွေလရတနာဓမ္မစာပေပြန့်ပွားရေးသင်တန်းမှ သင်တန်းနည်းပြတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် အဆင့်မြင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်း တက်ရောက်ရခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများနှင့် ပတ်သက်၍ သင်တန်းသူတစ်ဦးက ရှင်းလင်းတင်ပြသည်။

အဆိုပါ အဆင့်မြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်းသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ ဝန်ထမ်း(အမျိုးသမီး)များ၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင် သင်တန်းသူ စုစုပေါင်း( ၆၄၈ )ဦး တက်ရောက်ခဲ့ ကြပြီး ဧပြီ ၂၄ ရက်မှ၂၉ ရက်အထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်