ပြည်ထဲရေးဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေး လိုက်လံစစ်ဆေး

နေပြည်တော် ၂၂ မေ 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူသည်  ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြုံရေး ဆောင်ရွက်နေမှုများ၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လေဆိပ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် လေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် Yangon Areodrome Co.,Lid. မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။

 

22

 

ထိုနောက် ဒုတိယဝန်ကြီးက လေဆိပ်လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး၊ ခရီးသည်များ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေး၊ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီတို့မှ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်