ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော်များ လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ    ၂၈

 

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စများ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီး ပရိယတ္တိစာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ပတ္တမြားပရိယတ္တိစာသင်တိုက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ မင်္ဂလာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်၊ ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်း မြို့နယ်ရှိ ဓမ္မစေတီကျောင်းတိုက်၊  ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်ရှိ မြသိန်းတန် ပရိယတ္တိစာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်