ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 နေပြည်တော်  ဇွန်

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ မာရ်အောင် ကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မဟာသတိပဌာန် ကျောင်းတိုက် သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ပုလဲရတနာပရိယတ္တိစာသင်တိုက် သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ ရွှေကျောင်းကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ်ရှိ သီတာရုံကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)