ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

နေပြည်တော် ဩဂုတ် ၇

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရတနာစံ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ မင်္ဂလာရာမ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံ မြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မန္တလေးကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ သဒ္ဓမ္မပါလ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ မေဃဝတီ ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်