ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း

နေပြည်တော်   ဇန်နဝါရီ   ၂၅

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဇန်နဝါရီ ၂၅ ရက်၌ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်နှင့် ဥတ္တရသီရိမြို့နယ်ရှိ ဝဇီရာနန္ဒသုဗောဓာရုံ ကျောင်းတိုက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကရင်ပရိယတ္တိစာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ လှိုင်ဓမ္မာရုံကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်