ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း

နေပြည်တော်   ဇန်နဝါရီ   ၂၆

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြို့မကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ လှည်းဘီးပရိယတ္တိစာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ မြို့နယ်ရှိ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ရှိ မြတ်ရတနာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သစ္စာမဏ္ဍိုင်ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်