ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

 

နေပြည်တော် ဒီဇင်ဘာ ၃

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ မင်္ဂလာသီရိ ပတ္တာကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဃောသိတာရာမကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ သာသနာ့ရက္ခိတ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ရွှေလှိုင်ပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဥမင်ဓမ္မသုခ ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေလယ်ကျောင်းတိုက်နှင့် ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ ဗိမာန်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာနန္ဒီသေနာရာမကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်နှင့် မရမ်းကုန်းမြို့နယ်ရှိ ပစ္ဆိမာရုံကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အေးမြ ဂရုဏာ ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သစ္စာတောရကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)