ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း 

 

နေပြည်တော် ဇန်နဝါရီ ၁၅ 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းကန်ဦး ပရိယတ္တိစာသင်တိုက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိုင်သဇင် ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဥဿာသီရိပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓမ္မလောကကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မဟာဗောဓိ ဗုဒ္ဓဂါယာကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ အောင်မော်စံစာသင်တိုက်၊ တာမွေမြို့နယ်ရှိ အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ ကန်ဦးကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဓမ္မဒူရတောရ ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ပုညဝတီကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တောင်ဆင်တဲကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဓမ္မသုခကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ မဟာဗောဓာရုံကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်