ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း 

နေပြည်sတော် အောက်တိုဘာ ၁၁

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ပေါက်မြိုင် ကျောင်းတိုက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သီရိသုဇနကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ အရှေ့ကံ့ကော် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ သစ္စာဂုဏ်ရည်ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ရတနာပန်းကုံးပရိယတ္တိ စာသင်တိုက်နှင့်  သင်္ဃန်းကျွန်းမြို့နယ်ရှိ ပရိယတ္တိမဉ္ဇူ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဓမ္မဝါသီကျောင်းတိုက်၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်ရှိ ငွေတောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဒေဝနိမ္မိတာရုံ ကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မဝိဟာရပထမကျော် ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ လားရှိုး မြို့နယ်ရှိ မန်အိုင်ခေးတိုင်းကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်