ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း 

နေပြည်တော် ဧပြီ ၇

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်ဖြူကျွန်းကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ခေမာသီဝံပရိ ယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ခေမာသီဝံကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋကရွှေပါရမီကျောင်းတိုက်၊ မြောက်ဥက္က လာပမြို့ နယ်ရှိ ဓမ္မာလင်္ကာရကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ အောင်ချမ်းသာပရိ ယတ္တိစာသင် တိုက်နှင့် သာကေတမြို့နယ်ရှိ ပါဠိကာရီပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ နယ်ရှိ ယန်းကုန်းကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူမြို့နယ်ရှိ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာဒီပဲယင်း ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဒ္ဓမ္မ(ဂရု)ပုသိမ်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ လေးမျက်နှာပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက် ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်