ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၂၇

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ထန်းတပင်တောရကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရာမညရဋ္ဌဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အနန္တ ဂုဏ်ရည်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ ရန်ကင်းမြို့ နယ်ရှိ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ထိန်ထိန်ဝင်း ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ နမ့်ချပ်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ သီတဂူဗုဒ္ဓ ကောလိပ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ်ပရဟိတကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရွှေကျင်တိုက်မကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်ရှိ စိန်ပန်းကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ဓမ္မဂုဏ်ရည်တပ်ဦးကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်