ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၁၀

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်း ကန်ဦးကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ထူပါဇေယျုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ မင်္ဂလာ ဒုံမြို့နယ်ရှိ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရတနာမဏ္ဍိုင် ကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဓမ္မောဒယကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ သစ္စာဝစည်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ သာသနာ့ဇောတိကစာသင်တိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ပညာစက္ကာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မတ္တရာကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်ရှိ အောင်မေတ္တာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မြောင်းမြ ပရိယတ္တိစာသင်တိုက်များသို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်