ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း  

နေပြည်တော် ဇွန် ၁၂

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။   

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ပေါက်မြိုင် ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ မဟာဓမ္မိကာရုံ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ ဆင်ဖြူပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ရွှေလှိုင်ပရိယတ္တိ စာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံပဌမရွှေကျင် ကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ဓာတုဝိဇ္ဇာကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ဇောတိကာရုံပါဠိ တက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဘယက်သာမဏေကျော် ကျောင်းတိုက်နှင့် အောင်မြေ သာစံမြို့နယ်ရှိ ချမ်းသာကြီးတောင်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပြည်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အသောကသီတဂူ ကျောင်းတိုက်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အရိယဝံသမြို့ဦး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)