ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၁၇

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်ဖြူကျွန်းကျောင်းတိုက်နှင့် ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာခိုနန်းပရိယတ္တိစာသင်တိုက်၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ရှိ ဃောသိတာရာမကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နယ်ရှိ စိန်မမစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပိဋကသုံးပုံနိကာယ်စာသင်တိုက်၊ မြောက်ဉက္ကလာပမြို့နယ်ရှိ မော်ကျွန်းကျောင်းတိုက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဝိဇာတဗိမာန်မိုးကုတ်ကျောင်းတိုက်နှင့် သာကေတမြို့ နယ်ရှိ သုစိတ္တာလင်္ကာရစာသင်တိုက်များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အာသောကာရုံကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရှိ ဓမ္မဒူရတောရကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ သီရိခေတ္တရာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဓရာရာမကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာကျောင်းတိုက်များသို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်