ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၂၅

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိ သည်။
  
ထိုသို့ လှူဒါန်းရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေပြည် တော်ဝင်ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေးသာသနာ့ရိပ်သာ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အရှေ့ကံ့ကော်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ဓမ္မစေတီကျောင်းတိုက်၊ တာမွေမြို့နယ်ရှိ အရိယာမဂ္ဂင်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အနန္တမေတ္တာကျောင်းတိုက်၊  ရွှေပြည်သာမြို့နယ်ရှိ ပညာပါရမီကျောင်းတိုက်နှင့် လှိုင်မြို့နယ်ရှိ ပဏ္ဍိတာရာမကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ဓမ္မဗိမာန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မူလသစ်ဆိမ့်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာဒီပဲယင်း တိုက်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းကျောင်းတိုက်၊ ရှမ်းပြည် နယ်တောင်ကြီးမြို့နယ်ရှိ သီရိမင်္ဂလာရွှေမန်းပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ တောရကျောင်းတိုက်များသို့ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
 
သတင်းစဉ်