ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၂၇

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
      
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ မြို့မရွှေဂူကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ သာသနာ့ရက္ခိတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မဟာအတုလဝေယံဘုံသာတိပိဋကရွှေပါရမီကျောင်းတိုက်၊ လှိုင်မြို့နယ်ရှိ ဝါယာလက်ပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သာသနာဟိတပရိယတ္တိကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ တိပိဋကာလင်္ကာရ စာသင်တိုက်နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ယန်းကုန်းကျောင်း တိုက်များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ပေါ်တော်မူ ကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ ရွှေကူကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ သုစိတ္တာရုံကျောင်းတိုက်၊ ဗဟန်းမြို့နယ်ရှိ စတုဘုမ္မိကမဟာသတိပဌာန် စာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဇေတဝန်မြို့ဦးကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ဇမ္ဗူအေးစေတီ တပ်ဦးပရိယတ္တိစာသင်တိုက်များသို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 
 
သတင်းစဉ်