ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၂၉

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင် ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ အောင်မင်္ဂလာသိဒ္ဓိရွှေကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာသုဗောဓာရုံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ပေါက်နှီးဘုရားကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ အရှင်ဥတ္တမသာရစာသင်တိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပညာရာမ ပရိယတ္တိစာသင်တိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တုလွတ်စံကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြည်သာအေးမြကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ မြတ်သန္ဒာကျောင်းတိုက်များသို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ကြည်ကုန်းမစိုးရိမ်တိုက်သစ်ကျောင်းတိုက်၊ မဟာအောင်မြေ မြို့နယ်ရှိ ရေနံချောင်းကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ နောင်အင်ပရိယတ္တိ စာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်များသို့ ဆန်ကြာဆံများကိုလည်း ကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်