ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ  ဆက်ကပ်လှူဒါန်း


နေပြည်တော် ဇွန် ၃၀

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။        

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊   ဒက္ခိဏသီရိမြို့ နယ်၊ ကျီးသဲလေးထပ်ပညာရေးစင်တာ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ပွန်ဇေတဝန် ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိန်ဟင်္သာတကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်ရှိ လင်းလွန်းပင်ပရိယတ္တိစာသင်တိုက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦးကျောင်းတိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်နှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ရေတွင်းကုန်း ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင် ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ခေမာရာမ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ ပြည်ကျောင်းတိုက်နှင့် မဟာအောင်မြေ မြို့နယ်ရှိ တောင်ခွင်မင်းကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ သဒ္ဒမ္မီဒီပကဖျာပုံကျောင်းတိုက်၊ ရှမ်း ပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ဓမ္မရတနာကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ လေးမျက်နှာကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)