ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာခိုနန်း ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ သမ္မိဒ္ဓေါဒယကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိန်ဟင်္သာတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ ခေမာသီဝံကျောင်းတိုက်၊ လှိုင်မြို့နယ်ရှိ ရွာမကျောင်းတိုက်၊ လှိုင်သာယာ (အနောက် ပိုင်း) မြို့နယ်ရှိ သဒ္ဓမ္မသိဒ္ဓိကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက် တို့သို့ ဆွမ်းဆန်တော်များ ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ရန်ကင်း ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ဒက္ခိဏရာမဘုရား ကြီးကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာလယ်တီစံကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်မြေဘုံစံကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ရတနာပုံကျောင်းတိုက်တို့သို့ ဆန်ကြာ ဆံများ ကိုလည်းကောင်း ဆရာတော် သံဃာတော်များအတွက် တာဝန်ရှိသူများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်