ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၂၄

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ဝဇီယာနန္ဒသုဗောဓာရုံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓမ္မာ လောကကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မစိုးရိမ် ကျောင်းတိုက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အောင်ဇေယျာမင်းကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ ဇေတဝန်ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ သာသ နာ့ဝေပုလ္လကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ဆုကြီးပန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အသောကာရာမ ကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာကိုးဆူကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကလေးဝတောရပရိယတ္တိစာသင်တိုက်နှင့် လှိုင် မြို့နယ်ရှိ မေတ္တာဝါဒီကျောင်းတိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ မဟာဝိဇိတာရာမ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း တာဝန်ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်