ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၁

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
     
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ   ဇမ္ဗူသီရိမြို့နယ် သာသနာ့ပါလမြိတ်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဝါးခယ်မကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အောင်ဓမ္မရိပ်သာကျောင်း တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရေတွင်းကုန်းကျောင်းတိုက်နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပညာလင်္ကာရမဏ္ဍိုင် ကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ သာသနာ့ ဝေပုလ္လပရိယတ္တိစာသင်တိုက် တို့သို့ ဆွမ်းဆန်တော်များ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ငှက်သိုက် တောရကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မင်္ဂလာရန်အောင်ကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ရွှေအိုးရကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ ဝေဠုဝန်တိုက်သစ်ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ရတနာအောင်သုခပရိယတ္တိစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ဥဿဟကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
                                                                 
သတင်းစဉ်