ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ  

နေပြည်တော် မေ  ၃

 

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအ နားကို  ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်  တောင်းဆုရ '''' စေတီတော် ပရိဝုဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယ ဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်း များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီးတို့သည် တောင်းဆုရ ''''  စေတီတော် ညီတော်ဘုရား လိုဏ်ဂူတော်အတွင်းရှိ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်သည်။

 

ထို့နောက်  အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိ ရုက္ခသိဉ္ဇနပူဇာ ဂါထာတော်ကို ဖတ်ကြားပူဇော်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီးတို့ ဉီးဆောင်သော အခမ်းအနား သို့တက်ရောက်လာသူများက သတ်မှတ်ထားသည့်နေရာတို့မှ အဖွဲ့လိုက် မဟာဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်းလောင်း၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

(သတင်းစဉ်)