ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ပြည်တွင်းစားသုံးဆီဈေးနှုန်း ကျဆင်းရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ရန်ကုန် ဇူလိုင် ၁

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ စားသုံးဆီ တင်သွင်းဖြန့်ဖြူးနေ သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို ယနေ့မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တွေ့ဆုံပြီး စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဈေးကွက်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့်  ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးဆီများ ပြည်ပမှတင်သွင်းရာတွင် စနစ်တကျရှိစေရေးနှင့် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ရေးအတွက် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက စားသုံးဆီ တင်သွင်းရောက်ရှိမည့် အခြေ အနေများ၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးနှင့် သတ်မှတ်ဈေး နှုန်းအတိုင်း ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရေး စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်